Truyen30h.Com

Revenge

Yuri ဒဏ်​ရာ​တွေကို ​ဆေးထည့်​ပြီး အိပ်​ရာ​ပေါ်တွင်​ လှဲအိပ်​​နေ၏

ဘောင်းဘီအိတ်​ထဲက ဟန်းချိန်း​လေးကို ထုတ်​ကာ ကြည့်​လိုက်သည်​။

ဟန်းချိန်း​လေးကို ကြည့်​ရင်း ၀မ်းနည်း​နေတဲ့ပုံရိပ်​​တွေ Yuri​ရဲ့ မျက်​နှာ​ပေါ်မှာ အထင်းသား​ပေါ်​နေ၏

Yuri သူ့လက်​ထဲက ဟန်းချိန်းကို အံ​ဆွဲထဲထည့်​လိုက်​ပြီး phနံပါတ်​တစ်​ခုကို နှိပ်​လိုက်​သည်​။

"Hello Boss....."

"Lee Taeyeon အ​ကြောင်း ငါ အကုန်​သိချင်​တယ်​.....စုံစမ်းထားပါ....."

"ဘာလို့လည်း ...."

"ငါ​ပြောတာဘဲလုပ်​ ငါ့ကိုပြန်​မ​မေးနဲ့....."

Yuri အမိန့်​​ပေးပြီး ဖုန်းချလိုက်​သည်​။

နှစ်​ရက်​သုံးရက်​​လောက်​ ကြာ​တော့ Taeyeon ​ဆေးရုံက ဆင်းခွင့်​ရပြီ​လေ....သူမ​ဖြေချင်​တဲ့ ​မေးခွန်းကို နားလည်​ပေးပြီး ​ဆက်​မ​မေးကြလို့ သူ ၀မ်းသာမိတယ်

Mr.Leeတို့က သူနဲ့​သွေးသားချင်း မ​တော်​စပ်​​ပေမယ့်​ တကယ့်​မိဘ​တွေလို သူ့အ​ပေါ် ဂရုစိုက်​ပြီး သူ့ကို​သွေးသားအရင်းလို ဆက်​ဆံ​သော​ကြောင့်​  Taeyeon အတို​င်းမသိဝမ်းသာမိသည်​။

ေ​ဆးရုံကဆင်းပြီး နှစ်​ရက်​​လောက်​ကြာ​တော့ Taeyeon အလုပ်​ကို ပြန်​သွားဖို့ ကြိုးစားတယ်

သူ့အ​မေက ​ဆေးရုံက ဆင်းခါစ ခဏနားဖို့  တား​ပေမယ့်​လည်း ဂရုမစိုက်​​ပေ......တစ်​ခါတစ်​​လေ Taeyeonရဲ့လုပ်​ရပ်​​တွေက သူတို့ကို နာကျင်​​စေ​ပေမယ့်​ Mr.Leeတို့က​တော့ ခွင့်​လွှတ်​​ပေးထားသည်​။ အပြစ်​မမြင်​​ချေ.....

Taeyeon အလုပ်ကို ပြန်​လာ​တော့ ပထမဆုံး စလုပ်​တာက သူ့ရဲ့ ဟန်းချိန်းကို ရှာခြင်းဖြစ်​ပါသည်​။ အံဆွဲထဲပါမချန်​ စာရွက်​စာတမ်း ပုံး​တွေထဲပါ ​မွှေ​နှောက်​ရှာသည်​။ Sooyoung ​ရောက်​​နေတာ​တောင်​ သတိမထားမိ​ပေ

"Tae.. ဘာလုပ်​​နေတာလည်း..."

ရုံးခန်းတစ်​ခုလုံး ရှုပ်​ပွ​နေ​သော​ကြောင့်
"Yah ရှုပ်​ပွ​နေတာဘဲ ဘာ​တွေရှာ​နေတာလည်း "

"ငါ့ရဲ့ ဟန်းချိန်း​လေး ရှာ​နေတာပါကွာ...."
Taeyeon ရှာရင်း ​ပြောလိုက်​သည်​။

"ဟန်းချိန်း ဘယ်​လို​လေးလည်း ....​နေပါအုံး ရုံးခန်းကို ပြန်​ကြည့်​လိုက်​အုံး အမှိုက်​ပုံကြီးကျလို့....."

"ငါ အဲ့တာကို ပြန်​​တွေ့မှဖြစ်​မယ်​.....အဲ့တာက ငါ့ကိုငါ့ညီမက မှတ်​မိ​စေမယ့်​ တစ်​ခုတည်း​သောအရာဘဲ....."

"နင်​ တစ်​​နေရာရာမှာ ပြုတ်​ကျခဲ့တာလည်း ဖြစ်​နိုင်​တာဘဲ.. ...ရှာ​နေတာကို ခဏထား နင့်​အ​ဖေက ​ခေါ်​နေတယ်​ ငါတို့ရုံးခန်းကို လာခဲ့ပါတဲ့ ...​နောက်​မှ နင်​နဲ့ကူရှာ​ပေးမယ်​ ဟုတ်​ပြီလား....."
Taeyeonဘ၀မှာ ဟန်းချိန်း​လေးက အ​ရေးပါတာကို သိလို့ Sooyoung ကူရှာ​ပေးဖို့ ဆုံးဖြတ်​လိုက်​သည်

"Ok....ငါ့ကို အဲ့လိုမကြည့်​နဲ့....."

"အံမယ်​ နင့်​ကို ငါ စိတ်​ဆိုး​ပြေ​​သေးတာ​မဟုတ်​ဘူး သိလား......"

"Tsk...."

Taeyeon မသိချင်​​ယောင်​​ဆောင်​ပြီး Sooyoungကို ​ကျော်​သွားသည်​။

"Yah....မ​ချော့ဘူးလား ​ကောင်းပြီ​လေ နင့်​အတွက်​ အ​ကောင်းဆုံး သူငယ်​ချင်းတစ်​​ယောက်​ ဆုံးရှုံးခံမယ်​​ပေါ့....."

"Oh....Yoonaနဲ့  Hyoyeon ငါ့မှာရှိတယ်​​လေ......"
Taeyeon စလိုက်​သည်​။

"Yah....."
Taeyeon ကို  Sooyoung လိုက်​ရိုက်​​လေသည်​။

Mr.Lee ရုံးခန်းထဲ​ရောက်​​သောအခါ......

"ထိုင်​......"

Taeyeonတို့ကို  Mr.Lee ထိုင်​ခိုင်းလိုက်​ပြီး သူ့​ဘေးက အဖွဲ့နဲ့ မိတ်​ဆက်​​ပေး​လေသည်​။

"သူတို့က Joy....Seulgi.. ..Jennie ..Lisa......သူတို့ကို မင်းတို့ရဲ့ အဖွဲ့ထဲ ငါထည့်​လိုက်​တယ်​....."

Jennieကို Taeyeon ကြည့်​လိုက်​​တော့ Jennieက သူ့ကို စိုက်​ကြည့်​​နေတာကို ​တွေ့လိုက်​ရသည်

"ထူးဆန်းတာ 💭💭"
Taeyeon ​တွေးလိုက်​သည်​။

"Jennie....ဒီ​နေ့က စပြီး မင်းတို့ရဲ့ အသင်းကို Taeyeon ဦး​ဆောင်​လိမ့်​မယ်​ .....မင်းတို့ နှစ်​ဖွဲ့.....ညီညီညွတ်​ညွတ်​နဲ့ အမှု​တွေကို ​ဖြေရှင်းနိုင်​မယ်​ထင်​ပါတယ်​....."

"Lee Taeyeon....."

"Kim Jennie...."

Taeyeonတို့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ လက်​ဆွဲနှုတ်​ဆက်​လိုက်​သည်​။

"ကြိုဆိုပါတယ်​...."

"Gomawo စီနီယာ......."

"ဒါဆို ကိုယ့်​ဌာနကို ကိုယ်​သွားလို့ရပြီ....."

အားလုံးထအပြန်​......Mr.Lee က Taeyeonကို စာတစ်​​စောင်​​ပေးလိုက်​သည်​။

ထိုစာကို Taeyeon ဖက်​ပြီး အံ့သြသွား၏

"Appa လုပ်​​ပေးနိုင်​တာ​လေး......."

Taeyeon သူ့အ​ဖေကို အရိုအ​သေ​ပေးပြီး အခန်းထဲက ထွက်​လာခဲ့လိုက်​သည်​။

"Jennie......ငါတို့ စကားခဏ​ပြောလို့ရမလား....."

Jennie ကို သူ့ရုံးခန်းထဲသို့ Taeyeon ​ခေါ်သွား​လေသည်​။

ရုံးခန်းထဲသို့​ရောက်​​သောအခါ ရှုပ်​ပွ​နေတဲ့ သူ့ရုံးခန်း​ကြောင့်​ Jennieကို ရယ်​ပြလိုက်​ပြီး
"ဟီး....ခုနက ပစ္စည်း​ပျောက်​တာရှာ​နေတာ​လေ.....ရှာ​နေတုံး General Leeက​ခေါ်လို့......"

"Aww.....Nae ရပါတယ်​ စီနီယာ......"

"Taeyeonလို့ဘဲ ​ခေါ်ပါ စီနီယာကျ တစ်​မျိုးကြီး ခံစားရတယ်​....ထိုင်​​လေ...."

"Nae....Taeyeon.. ...Ash....​ခေါ်ရတာ တစ်​မျိုးကြီး...."
Jennie​ပြောပြီး ရယ်​လိုက်​သည်​။

Taeyeon လည်း Jennieကို ကြည့်​ကာ ရယ်​လိုက်​၏

"ဒါနဲ့ စ​ကော်​ပီယံတက်​တူးနဲ့ အဖွဲ့​အ​ကြောင်း သိတယ်​လို့ သတင်းကြားတယ်​...ငါ ​မေးချင်​တာ​လေးတစ်​ခုရှိလို့ရလား....."

"ဘာကို သိချင်​တာလည်း  "

"ငါ့ရဲ့ အမှုတစ်​ခု​ကြောင့်​ပါ....."
Taeyeon အမှန်တိုင်းမေ​​​ပြာချင်လို့ ​လိမ်​​ပြောလိုက်​သည်​။

"Taeyeon....လိမ်​​ပြော​နေတာဘဲ.....chaw အခုလို ​ပြောရတာ အားနာ​ပေမယ့်​ တိကျ​သေချာတဲ့အ​ကြောင်းအရင်းမရှိရင်​ ​ပြောမပြနိုင်​ပါဘူး...."

Taeyeon သက်​ပြင်းချလိုက်​ပြီး
"အဲ့အဖွဲ့​ခေါင်း​ဆောင်​က ငါ့အတွက်​ အရမ်းအဖိုးတန်​တဲ့အရာ​တွေကို ငါ့ဆီက ယူသွားလို့.....ဒါနင့်​ကို​ပြောပြနိုင်​တာဘဲ....."

"အ​ဖြေက မတိ​ကျ​ပေမယ့်​ ​ပြောပြပါမယ်​ ....အဲ့အဖွဲ့ထဲမှာ စပိုင်​တစ်​​ယောက်​ရှိတယ်​....သူက မူးယစ်​​ဆေးဝါးအ​ကြောင်း အကုန်​သ​တင်း​ပေးတယ်​......အဲ့တာ chaw သိသ​လောက်​ပါဘဲ....."

"Spyကို ​တွေ့ခွင့်​ရနိုင်​မလား....."

"မဖြစ်​နို​င်​ဘူး..."

"ဘာလို့လည်း....."

"သူက chawကိုဘဲ ​တွေ့တာ ဘယ်​သူနဲ့မှ​တောင်​ မ​တွေ့ဘူး "

"Mr.Parkကို ဘယ်​​နေရာမှာ ရှာလို့​တွေ့နိုင်​မလည်းဆိုတာ ​မေး​ပေးပါ့လား....."

"Personal case​ပြောမယ်​ဆိုရင်​ ဒီ​နေရာမှာဘဲ ရပ်​လိုက်​ရ​အောင်​ စီနီယာ....Mr.Park က အဖွဲ့ရဲ့ ​ခေါင်း​ဆောင်​​နော်​...​တော်​ရုံလူ ရှာမ​တွေ့နိုင်​ဘူး..."

"Sorry....Jennie.. ...."

"Chawက ​တောင်းပန်​ရမှာပါ......"

"ငါ့အမှုမှာ ကူညီ​ပေးနိုင်​မယ်​လို့ ​မျှော်​လင့်​ပါတယ်​....."

"အစွမ်းကုန်​ ကြိုးစားပါမယ်​....."
Taeyeonကို အရိုအ​သေ​ပေးပြီး Jennie ထွက်​လာခဲ့လိုက်​သည်​။

Bạn đang đọc truyện trên: Truyen30h.Com