Truyen30h.Net

Revenge

"Hyoyeon....Taeyeon Unnie တစ်​​ယောက်​တည်း သွားကူလိုက်​အုံး......သို​လှောင်​ရုံ အ​နောက်​ဘက်​မှာ......."

Yoonaရဲ့ စကား​ကြောင့်​ Hyoyeon သို​လှောင်​ရုံ​နောက်​ကို အမြန်​​ပြေးသွားတယ်​......

Taeyeonရဲ့ ​ခေါင်းကို ​သေနတ်​နဲ့ ချိန်​ထားတာမြင်​​တော့ အမြန်​ ​သေနတ်​ နဲ့ Yuriကို လှမ်းပစ်​လိုက်​သည်​......

"ဒိုင်း........"

ကျည်​ဆံမှန်​သွားတဲ့ ​လက်ေ​မာင်း​ကို ကိုင်​ပြီး Yuri အမြန်​ ထွက်​​ပြေးသွားတယ်​......

Hyoyeonက​တော့ Taeyeonဆီကို ​ပြေးလာပြီး ဆွဲထူလိုက်​သည်

"Taeyeon Unnie........ Taeyeon...."
မူး​ဝေ​ဝေဖြစ်​​နေတဲ့ Taeyeonကို Hyoyeon လှုပ်​နိုးလိုက်​သည်

Taeyeon ဒဏ်​ရာ​တွေနဲ့ ရီ​ဝေ​ဝေဖြစ်​​နေချိန်​ Taeyeonကို Hyoyeon ကုန်းပိုးပြီး ​ရှေ့ကို​ခေါ်လာတယ်​.....

"Taeyeon.....ဘယ်​လိုဖြစ်​တာလည်း......"
Sooyoung ​ပြေးလာပြီး Hyoyeonကို ကူတွဲလိုက်​တယ်

"Chaw ​ပြေးသွား​တော့ Maskနဲ့တစ်​​ယောက်​က သူ့​ခေါင်းကို ​သေနတ်​နဲ့ချိန်​ထားတာကို ​တွေ့လိုက်​ရတယ်​.......အဲ့တစ်​​ယောက်​ကို အမြန်​​သေနတ်​နဲ့ပစ်​လိုက်​တာ သူက ထွက်​​ပြေးသွားတယ်​.......Taeyeon Unnieကို​တော့ ဒဏ်​ရာ​တွေနဲ့ ​တွေ့လိုက်​ရတာ....."

"အခု​လော​လောဆယ်​ သူ့ကို ​ဆေးရုံပို့ရ​အောင်​ အားလုံးဘဲ ဒီ​နေရာကို ​သေချာစစ်​​ဆေးကြပါ......သက်​​သေအ​ထောက်​အထား အားလုံးကို ​သေချာသိမ်းဆည်းကြပါ......."
Sooyoung ​ပြောပြီး ​ဆေးရုံကားကို ​ခေါ်လိုက်​သည်

သူတို့ ​ဆေးရုံကို​ရောက်​​တော့ Taeyeonကို အ​ရေး​ပေါ်ခန်းထဲသို့ ပို့လိုက်​ကြသည်​ .....တစ်​နာရီ​လောက်​ ကြာ​တော့ အ​ရေး​ပေါ်အခန်းထဲက​နေ ထွက်​လာပြီး လူနာအခန်းထဲ ကို ​ရောက်​သွားတယ်

Taeyeon သတိရလာမယ့်​ အချိန်​ကို Sooyoungတို့ သုံး​ယောက်​ ​ရပ်​​စောင့်​​နေရင်း Taeyeon ရုတ်​တရက်​ ထပြီး ​အော်​လိုက်​လို့ လန့်​သွားကြတယ်​......

"No.........."

"Taeyeon......စိတ်​ကို တည်​တည်​ငြိမ်​ငြိမ်​ထား ......"
Taeyeonရဲ့ ​ကျောကို ပုတ်​ပြီး Sooyoung ​ပြောလိုက်​သည်

ဒါ​ပေမယ့်​ Taeyeonက​တော့ အရူးတစ်​​ယောက်​လို,No......လို့ ဆက်​​အော်​​နေတယ်​......Yoonhyoတို့မှာ သူတို့စီနီယာကို ကြည့်​ပြီး အံ့သြ​နေကြတယ်​.....သူတို့ စီနီယာကို တစ်​ခါမှ ဒီလိုမမြင်​ဖူးဘူး​လေ

"Taeyeon စိတ်​ထိန်း......ဒါက အိမ်​မက်​​ဆိုး​တစ်​ခုပါ....."
Taeyeonရဲ့ မျက်​ရည်​​တွေကို သုတ်​​ပေးရင်း Sooyoung ​ပြောလိုက်​သည်

"Soo.....ငါ အိမ်​မက်​ဆိုးပြန်​မက်​​နေတယ်​.......Taeyeonကို ငါ​တွေ့တယ်​......လူတစ်​​ယောက်​က သူ့​ခေါင်းကို ​သေနတ်​နဲ့ ချိန်​ထားတာ သူက ငါ့ကို သူ့ကို ကယ်​ဖို့ငိုပြီး အကူအညီ​တောင်း​နေတာ........"

"Taeyeon.....ဒါက အိမ်​မက်​ဆိုးတစ်​ခုပါဟာ......ဒီလိုမျိုးဖြစ်​လာမှာ မဟုတ်​ပါဘူး......"

"ငါ သိပါတယ်​.....ဒါ​ပေမယ့်​ တကယ်​.....ငါတို့မိသားစုကို သတ်​တဲ့လူကို ရှာ​တွေ့ဖို့ နီးစပ်​လာပြီထင်​တယ်​.....ငါ tattoနဲ့ လူတစ်​​ယောက်​ကို ​တွေ့တယ်​....."
Taeyeon အံကိုကြိတ်​ပြီး ​ပြောလိုက်​သည်

"What.....နင်​ ငယ်​ငယ်​​လေးက မြင်​ခဲ့တဲ့ စ​ကော်ပီယံ ​Tattoကို ​ပြောတာလား"
Sooyoungရဲ့ ​မေးခွန်းကို Taeyeon ​ခေါင်းညိတ်​ပြပြီး ​ဖြေလိုက်​သည်

"Maskနဲ့ တစ်​​ယောက်​ဆီမှာ ​တွေ့ခဲ့တာ....."

"ဒါဆို အဲ့တစ်​​ယောက်​က နင့်​မိသားစုကို သတ်​တာ​ပေါ့......"
Sooyoungကို Taeyeon ​ခေါင်းခါပြသည်

"အဲ့တစ်​​ယောက်​က ငါ့မိသားစုကို သတ်​တာမဟုတ်​ဘူး....ဘာလို့လည်းဆို​တော့ သူက ငယ်​​သေးတယ်​.......ဒါ​ပေမယ့်​ သူက အဲ့လူ​တွေနဲ့ သက်​ဆိုင်​တာ​တော့ ​သေချာတယ်​........"

"Humm.... Excuse Me..... Unnieတို့ စ​ကော်​ပီယံ Tatto အ​ကြောင်းကို ​ပြော​နေကြတာလားဟင်​....အဲ့​အ​ကြောင်းဆို chaw တစ်​ခုခုကို သိ​တယ်​လို့......."
Hyoyeon စကားဖြတ်​ပြီး ​ပြောလိုက်​သည်

Yuriမှာ​တော့ လက်​ကဒဏ်​ရာကို ကိုင်​ပြီး လမ်းမ​ပေါ်မှာ ​ပြေး​နေတယ်​......

"ဒီ​နေ့​တော့ မင်း ကံ​ကောင်းသွားတာ​ပေါ့.....​နောက်​တစ်​ခါဆို ငါ့လက်​​ပေါ်မှာတင်​ ​သေ​စေရမယ်​....."
Yuri အံကိုကြိတ်​ပြီး ကြိမ်းဝါးလိုက်​သည်

သူ့လက်​​မောင်းက ဒဏ်​ရာမှာ ​သွေး​တွေ အရမ်းထွက်​​နေ​ပေမယ့်​ ​ဆေးရုံကို မသွားရဲဘူး.....ဘာလို့လည်းဆို​တော့ ​ဆေးရုံမှာ သူ့ကို ​သေချာ​ပေါက်​ ရဲ​တွေက ရှာကြမယ်​ဆိုတာ Yuri ​သေချာသိ​နေသည်

လမ်းမ​ပေါ်မှာ တက္ကစီတစ်​စီး ​မောင်းလာတာကို ​တွေ့​တော့ လှမ်းတားလိုက်​သည်​..........

တက္ကစီလည်း ရပ်​​ရော ကားဒရိုင်​ဘာကို ကားထဲက ဆွဲထုတ်​ပြီး တက္ကစီကို ခိုး​မောင်းသွားတယ်​......

Sicaတို့ အိမ်​လည်း​ရောက်​​ရော ကား​ပေါ်က​နေ ဆင်းလာပြီး အိမ်​ထဲကို တိတ်​ဆိတ်​စွာ ၀င်​သွားတယ်​......

လှေကား​ပေါ်ကို ကြိုးစားတက်​​ပေမယ့်​ ​သွေးထွက်​လွန်​​နေ​သော​ကြောင့်​ မူး​ဝေ​လာတယ်​.....

သူတို့အခန်းနားကို ​ရောက်​​တော့ တံခါး​ခေါက်​လိုက်​ပြီး တံခါးဖွင့်​မယ့်​အချိန်​ကို Yuri နံရံကို မှီပြီး ရပ်​​စောင့်​​နေသည်

Sica တံခါး​ခေါက်​သံကြားလို့ ဖွင့်​လိုက်​​ရော..... သူ့​ရှေ့ကို လဲကျသွားတဲ့ Yuriကို ​တွေ့လိုက်​ရသည်

"Yuri....ဘာဖြစ်​လာတာလည်း......."
Sica စိုးရိမ်​ပြီး ​မေးလိုက်​​ပေမယ့်​ Yuriမှာ မ​ဖြေနိုင်​.......Sicaကိုသာ မှီထားသည်

Sica သူ့ကို တွဲလိုက်​ပြီး အိပ်​ရာ​ပေါ်ကို တင်​လိုက်​တယ်

ပြီး​တော့ ​ရေချိုးခန်းထဲ ၀င်​သွားပြီး ​ရေ​နွေးဇလုံကို ယူလာကာ Yuri ​ဘေးနား ထိုင်​​လိုက်​သည်

Yuriရဲ့ မျက်​နှာ​နဲ့ လက်​​မောင်း​ပေါ်က ​သွေး​တွေကို Sica ​သေချာသုတ်​​ပေး​နေသည်​......

"အင်္ကျီချွတ်​လိုက်​.....လက်​​မောင်းက ​သွေး​တွေ ​တော်​​တော်​ရွှဲ​နေတယ်​......."
Sica ​ပြော​တော့ yuri ကြိုးစားပြီး ထထိုင်​လိုက်​သည်​......

Sicaက အင်္ကျီကို ချွတ်​ပြီး​နောက်​ Yuriကို ပြန်​လှဲအိပ်​ခိုင်းလိုက်​သည်

သွေး​တွေအကုန်​သုတ်​ပြီး​နောက်​ Yuriလက်​​မောင်းက ​သေနတ်​ဒဏ်​ရာကို ​တွေ့လိုက်​ရသည်

"Omo ​သေနတ်​ဒဏ်​ရာကြီး ဘယ်​လိုဖြစ်​လာတာလည်း......."

"ရှပ်​ထိလာတာပါ......."

Sica ​ဆေး​သေတ္တာကို သွားယူပြီး Yuriရဲ့ ဒဏ်​ရာကို ​ဆေးထည့်​​ပေးလိုက်​သည်

"ဒါက ဘယ်​လိုဖြစ်​လာတာလည်း....."

"မင်း မသိတာ ပို​ကောင်းပါတယ်​......"

Sicaလည်း သက်​ပြင်းချပြီး ဘာမှဆက်​မ​မေးဘဲ ဒဏ်​ရာကိုသာ ​ဆေးဆက်​ထည့်​​ပေးလိုက်​သည်
သူ​မေးရင်​လည်း Yuriက ပြန်​​ဖြေမှာမဟုတ်​တာ သိ​နေတာဘဲ​လေ.......

ဆေးထည့်​ပြီး ပတ်​တီးစည်း​ပေးပြီး​နောက်​ Yuri အိပ်​​ပျော်​​နေတာကို Sica ​တွေ့လိုက်​ရသည်

Sicaလည်း ဇလုံ​တွေ ​ဆေး​သေတ္တာ​တွေကို ပြန်​ထားပြီး​နောက်​ Yuriရဲ့ ​ခြေနင်းကို ချွတ်​​ပေးလိုက်​သည်

"ဘာ​တွေလုပ်​​နေတာလည်း.....ဘာ​ကြောင့်​ ဒဏ်​ရာရလာတာလည်း......ဒဏ်​ရာရလာတာကို ​ဆေးရုံမသွားဘဲ ဘာလို့ ငါ့ဆီကို လာတာလည်း ရှင်​ရယ်​......"

Yuriရဲ့ မျက်​နှာ​ပေါ်က ဆံပင်​​တွေကို သပ်​ပြီး Sica ​ပြောလိုက်​သည်

"အခုလို​လေး အိပ်​​နေ​တော့လည်း နင်​က ချစ်​ဖို့​ကောင်းလိုက်​တာ.....ဒါ​ပေမယ့်​ နင်​နိုးလာတဲ့အခါ ​ကြောက်​စရာ​ကောင်းတယ်​......"
Sica ​ပြောရင်း Yuriရဲ့ မျက်​နှာ​လေးကို ကိုင်​ကြည့်​​နေတယ်​......

Yuri နည်းနည်းလှုပ်​လာ​တော့ Sica လန့်​သွားတယ်
ဒါ​ပေမယ့်​ Yuriက မနိုးလာဘဲ ဆက်​အိပ်​​နေမှ Sica သက်​ပြင်းချလိုက်​သည်

Yuri ​ဘေးနား ၀င်​လှဲလိုက်​ရင်း
"တစ်​​နေ့ကျရင်​ နင်​နဲ့အတူ အိပ်​ရာက​နေ နိုးထချင်​လိုက်​တာ....."
Sica တိုးတိုး​လေး​ပြောပြီး အိပ်​လိုက်​သည်

Sica အိပ်​​ပျော်​သွားတာ ​သေချာမှ Yuri အိပ်​ရာက ထလိုက်​တယ်

Sicaရဲ့ ​မေးခွန်း​တွေကို မ​ဖြေချင်​လို့ Yuri အိပ်​​ချင်​​ယောင်​​ဆောင်​ခဲ့တာ​လေ

သူ့မျက်​နှာကို Sica ကိုင်​ကြည့်​တုံးက Sica လက်​ကို Yuri ရိုက်​ဖို့ ကြိုးစား​ပေမယ့်​ ဘာလို့မှန်းမသိ ​နွေး​ထွေးသလို Yuri ခံစားလိုက်​ရတယ်

Yuri ငယ်​ငယ်​ကတည်းက အခုထိ ခံစားချက်​မျိုးစုံကို ခံစားခဲ့ရ​ပေမယ့်​ အခု ခံစားချက်​က တစ်​မျိုး ဖြစ်​​နေတယ်​.......ဒါ​ပေမယ့်​ သူ့ ခံစားချက်​ကို ၀ှက်​ထားလိုက်​ပြီး သူ့ဆံပင်​​တွေကို လက်​နဲ့ဖွကာ ​အေးချမ်းစွာ အိပ်​​ပျော်​​နေတဲ့ Sicaကို စိုက်​ကြည့်​​နေတယ်

"Sica....မင်းအ​ပေါ် ထားတဲ့ ငါ့ခံစားချက်​​တွေက.. ....ဘယ်​လိုလား.....ဘယ်​လိုဖြစ်​​နေ​နေ ငါ ဂရုမစိုက်​ဘူး ဒါ​ပေမယ့်​ မင်း ငါ့​ဘေးနားမှာ ရှိ​နေရင်​ ​အေးချမ်းသလိုခံစားရတယ်​......ငါ့ရဲ့ ငရဲကျတဲ့ ဘ၀ကြီးကို ​အေးချမ်း​အောင်​ လုပ်​​ပေးနိုင်​တာ မင်းဘဲရှိတယ်​.....ဒါ​ကြောင့်​ ငါ မြင်​နိုင်​တဲ့​နေရာမှာဘဲ ​နေ​ပေးပါ့လား "
Yuri ​တွေးလိုက်​ပြီး Sicaအခန်းထဲက​နေ ထွက်​သွားပြီး သူ့အခန်းထဲ ပြန်​၀င်​ပြီး အနားယူလိုက်​သည်

Bạn đang đọc truyện trên: Truyen30h.Net