Truyen30h.Net

Slug

Seolhyun တစ်​​ယောက်​ သူ့မင်းသား​လေး​အ​ကြောင်း အားရပါးရ ​ပြော​နေစဉ်​ Taeyeonတစ်​​ယောက်​ အ​အေးဘူးကို ကိုင်​ပြီး သူတို့ဘက်​ကို ​လျှောက်​လာ​လေသည်​....

"Oppa....."
Seolhyun တစ်​​ယောက်​ Taeyeonကို မြင်​​တော့ သူ့​ဘေးနားက လူအား​လုံးကို ​ကျော်​ခွပြီး Taeyeonဆီ ​ပြေးသွား​လေသည်​.....

"​နောက်​ဆုံး​တော့ ရှင့်ကို ရှာ​တွေ့ပြီ.......ယုံ​တောင်​မယုံနိုင်​ဘူး Oh My God......ဘယ်​လို​တောင်​ ကံ​ကောင်းတာလား.....​ပျော်​လိုက်​တာ "

Taeyeon မှာ​တော့ လှပတဲ့​ကောင်​မ​လေးတစ်​​ယောက်​က သူ့ကို ရုတ်​တရက်​ကြီး လာဖက်​လို့ အံ့အားသင့်​​နေသည်​.....

"Ah ...ရိုင်းသွားသလို ဖြစ်​ရင်​ ​တောင်းပန်​ပါတယ်​....ဒါ​ပေမယ့်​ ဘယ်​သူလဲ မသိဘူး "

"ကျွန်​မကို မမှတ်​မိလည်း ရပါတယ်​ ကိစ္စမရှိပါဘူး.. ..လွန်​ခဲ့တဲ့နှစ်​​တွေက ရှင်​မုန့်​ဆိုင်​နားမှာ ကျွန်​မကို လူဆိုး​တွေလက်​က ကယ်​ခဲ့တာ​လေ...."
Seolhyun ပြုံးပြီး ​ပြောလိုက်​သည်

"Oh....မှတ်​မိပြီ....ပြန်​​တွေ့ရတာ ၀မ်းသာပါတယ်​ဗျာ......Kim Taeyeonပါ....  "
Taeyeon ပြုံးပြီး လက်​ဆွဲနှုတ်​ဆက်​ဖို့ လက်​ကမ်းလိုက်​သည်

"Kim Seolhyunပါရှင့်​......"
Seolhyun ၀မ်းသာအားရ လက်​ဆွဲနှုတ်​ဆက်​ရင်း ရုတ်​တရက်​ Taeyeonရဲ့ ပါးကို ဖျတ်​ခနဲ နမ်းလိုက်​သည်

Sicaတို့မှာ မြင်​လိုက်​ရတဲ့ မြင်​ကွင်း​ကြောင့်​ ပါးစပ်​အ​ဟောင်းသားနဲ့ အံ့အားသင့်​​နေကြသည်​....

Fanyမှာ​တော့ ခက်ခက်ခဲခဲနဲ့ မမြင်​ချင်​​ယောင်​​ဆောင်​​နေရတယ်​...

Seolhyunမှာ ​ပျော်​​ပြီး Taeyeonကို သူ့သူငယ်​ချင်း​တွေဆီ ​ခေါ်လာသည်​....

"Guys......သူ့ကို သိကြလား.....သိမယ်​ထင်​တယ်​ တ​စ်​​ကျောင်းထဲဆို​တော့......"

"No သူ့ကို ငါ မသိဘူး....."
Fanyရဲ့ စကား​ကြောင့်​ Sunny တို့နဲ့ Taeyeon မှာ အံ့သြသွားတယ်​....

"Oh မသိဘူးလား ထားပါ​တော့ သူက Kim Taeyeonတဲ့  "

"​အော်​ ရှင်​က Kim Taeyeon တဲ့လား ကျွန်​မက Tiffany Hwangပါ ​တွေ့ရတာ ၀မ်းသာပါတယ်​... "
Fanyစကား​နဲ့ အပြုအမူ​ကြောင့်​ Sunny တို့လည်း အူ​ကြောင်​​ကြောင်​နဲ့ ဖြစ်​ပြီး အခုမှ Taeyeonကို သိတဲ့ပုံစံနဲ့ သူတို့ကိုယ်​သူတို့ ပြန်​မိတ်​ဆက်​​နေ၏

Taeyeonမှာ ရုတ်​တရက်​ သူ့ချစ်​သူ ​ပြောင်းလဲသွားလို့ ​တော်​​တော်​​လေး အံ့သြ​နေသည်​.....

"ဒါနဲ့ မင်းတို့ အခု ဘာလုပ်​ကြမလို့လည်း "
Taeyeon စိတ်​ကို တည်​တည်​ငြိမ်​ငြိမ်​ ထားပြီး ​မေးလိုက်​သည်​...

"အပြင်​ကို ထွက်​ပြီး ​နေ့လည်​စာစားမလို့​လေ...."
Seolhyun ဖြတ်​​ပြောလိုက်​သည်​...

"ကျွန်​​တော်​လည်း ပါချင်​လို့ရလား.."

"Kim Taeyeon shii လုပ်​စရာအလုပ်​မရှိဘူးလား...."
Taeyeonကို မကြည့်​ဘဲ  Fany ​မေးလိုက်​သည်​.....

"ဟုတ်​ မရှိပါဘူး အလုပ်​​တွေ အကုန်​လုံး လက်​စသတ်​ပြီးပြီ....."

"Oh great...ဒါဆို အတူတူ သွားစားကြတာ​ပေါ့"

Seolhyun မှာ ဘယ်​သူ့ ခွင့်​ပြုချက်​မှ မယူဘဲ Taeyeonကို ​နေ့လည်​စာ အတူလိုက်​စားဖို့ ခွင့်​ပြုလိုက်​သည်​.....

ကျောင်းဂိတ်​က​နေ စား​သောက်​ဆိုင်​ကို သွားတဲ့လမ်းတွင်​ Sicaတို့မှာ ​အေးစက်​​နေတဲ့ အ​ခြေအ​နေကြား အသက်​ကို ပြင်းပြင်း​တောင်​ မရှူ ရဲပါ ...

စား​သောက်​ဆိုင်​ကို ​ရောက်​​တော့ Taenyတို့ မျက်​နှာချင်းဆိုင်​ထိုင်​မိကြသည်​....

Fany ​ဘေးနားတွင် ​Sunny.. .Taeyeon​ဘေးနားမှာ Seolhyun... Sicaက​တော့ အလယ်​မှာထိုင်​​နေပြီး အ​ခြေအ​နေကို ​စောင့်​ကြည့်​​နေသည်​.....

"So....မှာစရာရှိတာ မှာရ​အောင်​​လေ.....Ah Oppa....ကျွန်​မတို့နဲ့ ​နေ့လည်​စာလာစား​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​.. ..."

"It's ok..."
Taeyeon မျက်စိ မှိတ်​ပြ​တော့ ​Seolhyunမှာ ရှက်​သွား​လေသည်​...

Fanyမှာ​တော့ အံကိုကြိတ်​ကာ မျက်​​မှောင်​ကြုတ်​​နေ၏....

စားစရာ​တွေ​ရောက်​လာ​တော့ Fanyမှာ အသက်​​တောင်​မရှူ ဘဲ စားစရာ​တွေသာ နင်းကန်​စား​နေ၏

" ဖြည်းဖြည်းစားပါ​ဟဲ့ နင်​ကုန်​​တော့မှာဘဲ......"

Sunnyမှာ Fany ရဲ့ ​ကျောကုန်းကို ပုတ်​ကာ ​ပြော​လိုက်​သည်​...

"အဟွတ်​...ဟွတ်​....."

"​ဟော ​တွေ့လား ငါ​ပြောလို့မှ မဆုံး​သေး ဖြစ်​ပြီ....​ရော့ ​ရေ​သောက်​...  "
သီးသွားတဲ့ Fanyရဲ့ ​ကျောကုန်းကို ပုတ်​​ပေးကာ ​Sunny ​ရေခွက်​​ပေးလိုက်​သည်​.....

Taeyeonမှာ​တော့ အရင်​ကဆို သူ့ချစ်​သူကို ​သေး​သေး​လေးကအစ စိုးရိမ်​ခဲ့ရာမှ အခု​တော့ သီး​နေတာ​တောင်​ အဖက်​မလုပ်​ဘဲ ထမင်းဆက်​စား​နေ၏

Bạn đang đọc truyện trên: Truyen30h.Net